Photoshop နဲ့ Camera Raw

===================

Film နဲ့ ရိုက်တဲ့ Camera တွေမှာ ဓါတ်ပုံတစ်ပုံရဖို့အတွက် Film ကို ဓါတ်ပုံဆေးရည်နဲ့ ဆေးပြီးမှ ဓါတ်ပုံ တစ်ပုံ ရရှိပါတယ်။
အချိန်ယူရတယ်။ ဆေးသား ကောင်းဖို့၊ အသုံးပြုတဲ့ ဓါတ်ပုံသား ကောင်းမှု အပေါ်မှာ မူတည်ပြီး ဓါတ်ပုံ ကောင်းတစ်ပုံကို ရရှိလာမှာဖြစ်ပါတယ်။
ယနေ့ ဒစ်ဂျစ်တယ်ခေတ်ကြီးထဲမှာ တော့ ဒီလို မဟုတ်တော့ဘူး...
ဒစ်ဂျစ်တယ် ကင်မရာတွေရဲ့ Image Sensor တွေက ပုံရိပ်ရောင်တွေကို ဖမ်းယူပြီး Digital Copy တွေ ကို ချက်ချင်း ထုတ်ပေးနေပြီ။
ဒီနေရာမှာ ဒစ်ဂျစ်တယ် ပြဿနာ တစ်ခုက...
ပုံကို ဘာ Format နဲ့ ယူမှာလဲ က အရေးကြီးလာပါတယ်။
JPG format လား၊ JPG 2000 လား၊ TIF လား၊ RAW လား...
GIF, BMP နဲ့ ထုတ်ပေးတဲ့ Camera လည်း တွေ့ဖူးပါတယ်။
ဒီအထဲမှာ အရည်အသွေးလည်းကောင်း ဖိုင်အရွယ်အစားလည်း သိပ်မယူတဲ့ JPG format က အကောင်းဆုံးမို့ Camera တော်တော်များများက JPG format နဲ့ သိမ်းပေးတတ်ပါတယ်။
Digital Camera ရဲ့ Image Sensor က ဖမ်းထားတဲ့ အချက်အလက်တွေကို JPG ပုံအဖြစ် ပြန်ပြောင်းတဲ့အခါမှာ အရည်အသွေးကျသွားတာရှိပါတယ်။
ဒါကြောင့် Photographer တွေ တော်တော်များများဟာ Digital Camera ရဲ့ Image Sensor ကဖမ်းယူထားပြီး ပုံအဖြစ် မပြောင်းရသေးတဲ့ Digital Negative တွေကို ပိုစိတ်ဝင်စားလာကြပါတယ်။ ဒီ Format တွေကို RAW လို့ခေါ်ပါတယ်။
ပုံအဖြစ် Conversion မလုပ်ရသေးတဲ့အတွက် မူရင်း အရည်အသွေးအတိုင်း ဖြစ်နေတဲ့ RAW format တွေဟာ အရည်အသွေးအားဖြင့် ဘာမှ ပြောစရာမရှိအောင် ကောင်းလှပါတယ်။ အသုံးပြုတဲ့ Camera အမျိုးအစား အပေါ်မူတည်ပြီး RAW format တွေက မတူ ကြပါဘူး။ Canon Camera တစ်မျိုးထဲမှာကို crw. cr2. cr3 စသဖြင့် Version တွေကလည်း ရှိပါသေးတယ်။
ယနေ့ စမတ်ဖုန်းတွေမှာလည်း RAW နဲ့သိမ်းလို့ရပါတယ်။ ဖိုင်အရွယ်အစားက ကြီးတယ် ဆိုပေမယ့် အရည်အသွေးအားဖြင့် ကောင်းတာမို့ ဓါတ်ပုံကောင်း လိုချင်သူများအတွက် အကြိုက်ပါပဲ....
RAW format တွေကို Photoshop မှာ တိုက်ရိုက်ဖွင့်လို့မရပါဘူး။ RAW format နဲ့ သိမ်းထားတဲ့ ဖိုင်တွေကို Photoshop မှာ ဖွင့်လိုက်မယ် ဆိုရင် ယခု ပုံတွင် ပြထားတဲ့အတိုင်း Adobe Camera Raw နဲ့ ပွင့်လာမှာဖြစ်ပါတယ်။ ဒီက ချိန်ညှိစာရာတွေ ချိန်ညှိပြီးမှ Photoshop ကို ပို့ပြီး Editing လုပ်ရမှာဖြစ်ပါတယ်။
ရတဲ့ အချိန်လေးနဲ့ ရေးလိုက်ရတာပါ။
အခြားသိချင်တာများရှိရင်လည်း မေးလို့ရပါတယ်။
CAG Computer

Comments

Popular posts from this blog